10:33 AM 5/23/2010
ဖတ်မိသောစာအုပ် များထဲမှ ကြိုက်မိသော အပိုင်းအစလေးတွေကို ရေးထားခြင်းသာဖြစ်ပါသည်။
လူထုစိန်ဝင်း(လူငယ်တွေရင်ဖွင့်ပါစေလား) ဆရာ လူထုစိန်ဝင်း စာအုပ်တွင် ခေါင်းစဉ်ခွဲပေါင်း ၃၂ ခုပါရှိလေသည်။ ခေါင်းစဉ်ခွဲတိုင်း ဖတ်စရာ မှတ်စရာ ကောင်းလှသည်၊ ဆောင်းပါးချည်းများ ဖြစ်သဖြင့် ဖတ်ရသည်မှာ ပေါ့ပါးသည် လူငယ်တွေအတွက် ရည်ရွယ်ရေးသားထားသော စာအုပ်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ငါးပိအင်္ဂလိပ်နဲ့ပြောလည်း ဘာဖြစ်လဲ မြန်မာလူငယ်လေးတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေားဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သတ်သတ်ပြောမယ်ဆိုရင် အာရှတိုက်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူ့မှ ကြောက်စရာမလိုပါဘူး။ လူမျိုးတစ်မျိုးလုံး အတွက်ချုံပြီးပြောတာပါ။ တစ်ဦးချင်းယှဉ်လျှင်တော့ သူတို့က သာတာမျိုးတွေရှိတာပေါ့။ မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့မရဘူးဆိုတာ မရှိပါဘူး။ အင်္ဂလိပ်စာသိပ်ကောင်းတဲ့ အန္ဒိယသားတွေလဲ “၀ဲရီးဂွတ်” ကိုမဖျောက်နိုင်ကြပါဘူး။ အင်္ဂလိပ်စာနဲ့ ဘွဲ့ယူထားတဲ့ ဂျပန်လူမျိုးတစ်ယောက်ကိုလဲ Thank you လို၊ Thirty လို အသံမျိုး ပီသအောင်ရွက်ခိုင်းဖို့ အတော်ခက်တာပါ။ ဆရာရှေ့မှာ ပီနေပေမယ့် ကွယ်ရာရောက် သွားရင် ဘိုင်းကျူး တို့ ဆာတီးတို့ အသံထွက်လာတာပါပဲ။ အင်္ဂလိပ်စာ တတ်တယ်လို့ ၀င့်ဝါမောက်မာနေတဲ့ စင်ကာပူတရုတ်တွေရဲ့ “စင်းဂလိပ်” စကားကို အင်္ဂလိပ်တွေ အမေရိကန်တွေ နားမလည်ကြလို့ အင်္ဂလိပ် စကားစစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ၀န်ကြီးချုပ် လီကွမ်ယုကတောင် အသိပေးခဲ့သေးတာလေ။
မြန်မာတွေမညံ့ပါဘူး အင်္ဂလိပ်စကားပြောတဲ့ အလေ့အထမရှိလို့သာ နှုတ်ဆွံ့နေတာပါ။ မပြောမဖြစ် ပြောကိုပြောရမယ့် အခြေအနေမျိုးကြုံရင် တစ်ဘက်သား ကောင်းကောင်းနားလည်အောင် ပြောနိုင်စွမ်း ရှိကြပါတယ်။ နှုတ်ဆွံတာ ပျောက်အောင် အလေ့အကျင့် များများ လုပ်ဖို့လိုတယ်။ ပြီးတော့ နိုင်ငံခြားသားတွေရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်။ နိုင်ငံခြားသားတွေလည်းအလားတူပါပဲ။ နိုင်ငံခြားသားတစ်ယောက်က သူတို့ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘောကျ ကျေနပ်ကြတာပါပဲ။ ကိုယ့်ဘာသာစကားမှ မဟုတ်တာပဲ။ မိခင်ဘာသာစကားကို ဘယ်သူပီပါ့မလဲ။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကြီး ကိုဖီအာနန်မိန့်ခွန်းပြောတာ ကြားကြမှာပါ။ စကားလုံး အသုံးအနှုံးတွေက ခံ့ညားလှပပြီး အဆင့်မြင့်လှပါတယ်။ ဒါပေမဲ့ လေသံကတော့ “အဖရို” လေသံပါပဲ။ အမေရိကန်လေသံ မပေါက်ပါဘူး။ “အဖရို” လေသံမို့ နားမလည်ဘူး မရှိပါဘူး။ အမေရိကန် သမ္မတရော၊ အင်္ဂလိပ်ဝန်ကြီးချုပ်ရော၊ ပြင်သစ်သမ္မတနဲ့ ရုရှားခေါင်းဆောင်ကြီးရော နားလည်ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကြီး လုပ်နေပြီး အင်္ဂလိပ်စကားကို “အဖရို” လေသံနဲ့ ပြောရကောင်းလားလို့ အပြစ်မတင်ကြပါဘူး။ အာဖရိကသားက အဖရိက လေသံပံထွက်မှာပေါ့လို့ နားလည်ကြပါတယ်။ ဂျာမန် ၀န်ကြီးချုပ် ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန်သံသြသြကြီး ထွက်တာပါပဲ။
အဲဒီတော့ ငါးပိစားတဲ့ မြန်မာက ငါးပိအင်္ဂလိပ်စကားပြောတာ ဘာရှက်စရာရှိပါသလဲ။ အသံမှန်မှန် ထွက်တတ်လို့ သူတစ်ပါးနားလည်ရင်ပြီးရော မဟုတ်လား။ ဘိုသံပေါက်ချင်လို့ လိုက်တုပြောတာမှ တစ်ကယ် ရှက်စရာကောင်းပါတယ်။ အတုက အတုပါပဲ အစစ်ဖြစ်မလာပါဘူး။ မြန်မာပါးစပ်က မြန်မာလေသံပဲ ထွက်မှာပေါ့။ ရဲရဲပြောစမ်းပါ။ လေးငါးဆယ်ရက် အတွင်း နှုတ်သွက် လျှာသွက် ဖြစ်လာပါလိမ့်မယ်။ အဲဒီခါကျ သိမ်ငယ်စိတ်တွေ ပျောက်ပြီး နှုတ်ဆွံ့နေတာလည်း လုံးဝ ပျောက်သွားမှာပါ။
မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနှင့်ချီပြီး နေခဲ့ကြရာ ဖြစ်လေတော့ ဒီနေ့အထိ မျက်နှာဖြူမြင်လျှင် ဘယ်လိုမျက်နှာဖြူပဲ ဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲဖြစ်သည်။ ကိုယ်တွေ့သည့် မျက်နှာဖြူဟာ ပညာတတ်လား၊ အမှိုက်ကျုံးတဲ့ မြူနီစီပယ် အလုပ်သမားလား နွားသတ်တဲ့ အမဲသားသည်လား ဆိုတာ ဆန်းစစ်လေ့လာကြည့်လေ့မရှိကြပါဘူး။ အသားဖြူဖြူ အသားဝါ၀ါ မြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ်စိတ်တွေကိုသာ ဖျောက်ပြစ်လိုက်စမ်းပါ။ မြန်မာတွေမညံ့ပါဘူး။ ဆိုက်ကားဆရာတောင် နိုင်ငံခြားဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင် ဆက်ဆံနိုင်ကြတာပဲမဟုတ်လား။ ဒါ ဂျပန်တွေ၊ ယိုးဒယားတွေထက် ကိုးဆယ်ဆသာတယ်လို့ ဆိုနိုင်တာပေါ့။ မြန်မာတွေမှာခက်တာက သိမ်ငယ်စိတ်ပဲ။ သိမ်ငယ်စိတ်ဆိုတာ “အငုံ့စိတ်” ပဲ။ အားတော့နာပါရဲ့ ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒီစကားသုံးမှ ပိုပြီးထိရောက်၊ ပိုပြီး သဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့ ဒေါမနဿကြောင့် ရင့်ရင့်သီးသီး ပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ် ၊ သိမ်ငယ်စိတ်ဆိုတာ “ကျွန်စိတ်” ကိုယဉ်အောင်ပြောတာပါ။ လွပ်လပ်ရေးရတာ နှစ်ပေါင်း ၆၂ နှစ်ရှိခဲ့ပါပြီ။ ကျွန်စိတ်တွေပျောက်ဖို့ ကောင်းပါပြီ။ မြန်မာတစ်ယောက်က “ငါးပိအင်္ဂလိပ်” ပြောတာ ဘာရှက်စရာရှိလဲ။ အသံထွက်မှန်မှန်နဲ့ တစ်ဘက်သားနားလည်အောင် ပြောတတ်ဖို့ လိုရင်းပဲမဟုတ်လား။ မြန်မာတွေ ပညာရည် မနိမ့်ပါဘူး။ လူစွမ်းလူစ မနုံပါဘူး။ ပင်ကိုဗီဇ မဖျင်းပါဘူး။ ကျွန်စိတ်ပျောက်ဖို့ကလေး တစ်ခုသာ လိုတာပါ။ ။
{လက်ညောင်းလို့ အကုန်ပြန်လည်မကူးထားပါဘူး။ လိုသလောက်လေး ဖြတ်ညှပ်ကပ် လေး ကူးထားတာပါး) }
12:29 PM 5/28/2010
နောင်စစ်သည် (ရက်သတ္တပတ် ကိုရီးယား / 7 days in Korea)
၁၉၉၀ ပြည့်နှစ်တွင် အစိုးရတာဝန်ဖြင့် ကိုရီးယားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်ကို အစပြု၍ တစ်ခေတ်တစ်ချိန်က မတိုးတတ် မဖြစ်ထွန်းခဲ့သော ကိုးရီးယားနိုင်ငံ၏ ယနေ့အချိန်အခါ ဖြစ်ထွန်း တိုးတတ်နေပုံကို တိုင်းပြည် တိုးတတ်ဖြစ်ထွန်းရေးတွင် အဓိက ကျသော မြန်မာ လူငယ်များကို သိစေချင်သော စေတနာဖြင့် ရေးသားထားသော စာအုပ်ဖြစ်သည်။ ကိုယ်မရောက်ဖူးသော နိုင်ငံ၏ လူမှုပတ်ဝန်းကျင် စီးပွားရေး ယဉ်ကျေးမှု အစရှိသည်တို့ကို လေ့လာရသဖြင့် စရိတ်မကုန်ပဲ ကိုရီးယားရောက်ခဲ့သည်ဟု မှတ်ယူနိုင်ပေသည်။ ခေါင်းစဉ်ခွဲ၂၄ ခုပါရှိ၍ ဓာတ်ပုံများ ဝေေ၀စာစာဖြင့် ဖွဲ့စည်းထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
မြန်မာလူငယ်များ ကိုရီးယားပဲခေါက်ဆွဲစား၍ ကိုးရီးယားရုပ်ရှင်မင်းသမီး မင်းသားများကို နှစ်သက်စွဲလမ်းကြသည်ကို အပြစ်မဆိုလိုပါ။ သို့သော် ဆင်းရဲတွင်းနက်သော ကိုးရီးယားလူမျိုးတို့သည် မည်သို့ မည်ပုံ ဆင်းရဲတွင်းမှ ရုန်းထွက်ခဲ့သည်ကို မြန်မာလူငယ်များ သိစေလိုလှသည်။ မြန်မာ လူငယ်များ ကိုရီးယားရုပ်ရှင်ကို အားကျသလို သူတို့ဘ၀ကို ကျေကျေနပ်နပ်မနေကြပဲ ရုန်းထွက်လာကြသော သူတို့၏ ကြိုးပမ်းမှုဖြစ်စဉ်ကို မြန်မာလူငယ်များ သိရှိနမူနာယူ ကြိုးပမ်းကြရန် ရည်ရွယ်၍ ကိုးရီးယားစာအုပ်ကို ကျွန်တော် ကြိုးပမ်းရေးသားမှုပြုပါသည်။
တီထွင်မှု နှင့်ကိုရီးယားတို့သည် မိုးရေချိန်တိုင်း ကိရိယာကို အစောဆုံးတီထွင်ခဲ့သူများ ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော မိုးရေချိန် မှတ်တမ်းရှိသည့်နိုင်ငံသည်လည်း ကိုရီးယားနိုင်ငံဖြစ်ခဲ့သည်။ အခြားကိုရီးယားတို့၏ ကမ္ဘာကျော် တီထွင်မှုကြီးများက ပင်လယ်ကူးသဘောင်္ တည်ဆောက်မှုဖြစ်သည်။ ကျွန်းဆွယ်ပိုင်းတွင် နေရသော ကိုရီးယားလူမျိုးတို့သည် ပင်လယ်ကိုသွားရန် အားစမ်ရင်း လှေအမျိုးမျိုးက တဆင့်ပြီးတဆင့် လုပ်ရာက ပင်လယ်ထဲတွင် ကျက်စားတတ်သော ပင်လယ်လိပ်သဏ္ဌန်ကိုယူ၍ သဘောင်္ကြီးကို တည်ဆောက်ခဲ့သည်။ ကိုရီးယားတို့၏ သဘောင်္တည်ဆောက်မှုသည် ကမ္ဘာ့သဘောင်္တည်ဆောက်မှု သမိုင်းတွင် ပင်လယ်လိပ်သဘောင်္ TURTLE SHIP ဟုထင်ရှားခဲ့သည်။ ပင်လယ်လိပ်သဘောင်္ကြီးကို ၁၅၂၉ ခုနှစ်တွင် ကိုရီးယားရေတပ် ဗိုလ်ချုပ်ကြီး ယီဆွန်ရှင် တီထွင်ခဲ့ခြင်းဖြစ်သည်။ ယီဆွန်ရှင်သည် ကမ္ဘာ့ အရှေ့ခြမ်းတွင် အထူးချွန်ဆုံး ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်သည်။ ကိုရီးယားတို့၏ တီထွင်မှုသမိုင်းကို ကျွန်တော် ရေးပြနေခြင်းမှာ တီထွင်မှုသည် နိုင်ငံတိုးတတ်မှုကို အထောက်အကူပြုသည် ဆိုသော အချက်ကို လူငယ်များအား ပြောပြလိုခြင်းဖြစ်သည်။
ကိုရီးယားတို့၏ အိမ်ရာတည်ဆောက်မှုနှင့် ဖွင့်ဖြိုးမှုကျွန်တော်တို့ သွားရောက်သော ကာလဖြစ်ခဲ့သည် ၁၉၈၈ မှ ၁၉၉၂ ခုနှစ်ကာလတွင်း အစိုးရသည် အိပ်ခန်းယူနစ်ပေါင်း ၂ သန်းတည်ဆောက်ရန် စီမံကိန်းများ ရှိသော်လည်း တစ်ကယ်တန်းပြီးစီးတော့ ၂.၇သန်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ကိုရီးယားနိုင်ငံ၏ အိမ်ငှားစနစ်မှာ တမူထူးခြားလှသည်။ အိမ်ရှင်သည် အိမ်လခမယူပဲ အိမ်၏ တန်းဖိုး ၇၀% လောက်ရှိသော အိမ်စပေါ်ကိုသာယူ၍ ထိုငွေ၏ အတိုးငွေကိုသာ အိမ်လခအဖြစ်ယူသည်။ အိမ်ခန်းပြန်အပ်သောအခါ ထိုစပေါ်ငွေကို ပြန်ယူနိုင်သည်။ နိုင်ငံ၏ ဘဏ်စနစ်ကောင်းမွန်မှု၊ ငွေကြေးခိုင်မာမှု၊ ရင်းနှီးမြှုပ်နှံမှု သေချာမှုတို့ကြောင့် ထိုစနစ်ကို သုံးနိုင်ခြင်းဖြစ်သည်။
ဆိုးလ်မြို့တော်နှင့် ကားကြပ်တောက်မှုကားကြပ်တောက်မှုနှင့် ကားရပ်ရန်နေရာခက်ခဲမှု များသည် ၂၁ ရာစု မြို့ပြများ၏ လက္ခဏာတစ်ရပ်ဟု ဆိုနိုင်သည်။ ကားကြပ်တောက်မှုကို ဖြေရှင်းရန် TDM ခေါ်ပို့ဆောင် အုပ်ချုပ်မှုအဖွဲ့တစ်ခုကို ဖွဲ့စည်းထာသည်။ ထိုအဖွဲ့ကား ရုံးတတ် ရုံးဆင်းချိန်များတွင် ၀န်ထမ်းများ ကိုယ်ပိုင်ကား ကိုမသုံးပဲ အိမ်နား ရုံးနားထိ ပြေးဆွဲပေးသော ဘက်စ်ကားလိုင်းများကိုသာ အသုံးပြုရန် စီစဉ်ပေးသော အဖွဲ့ဖြစ်သည်။ ထိုကဲ့သို့ဖြင့် မြို့ထဲသို့ ကားအများအပြားဝင်ရောက်လာမှုကို တားစီး ကန့်သတ်ပေးထားနိုင်သည်။ အရေးကြီးသော လူသွားလူလာများသော မြို့တွင်း Down Town အတွင်းသို့ ၀င်ရောက်လျှင် အဖိုးအခ၀င်ကြေး ပေးရန် ကန့်သတ်ဇုန်များလဲ ထားရှိထားကြောင်း သိခဲ့ရသည်။ လမ်းသစ်များ ဥမင်လိုဏ်များ မိုးပျံရထားများ တည်ဆောက်ပေးထားခြင်းဖြင့် ကားကြပ်တောက်သော နိုင်ငံဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့ ကားကြပ်တောက်မှု ဖြေရှင်းရ ခက်ခဲသော နိုင်ငံတစ်နိုင်ငံ မဟုတ်ကြောင်း တင်ပြအပ်ပါသည်။
12:47 AM 5/28/2010
ချစ်စံဝင်း(လူငယ်များက မေးကြသည်)
လူငယ်တွေအတွက် အမေးအဖြေလေးလုပ်ကာ လမ်းပြပေးထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ အားလုံး ၁၉ခန်းပါဝင်သည်။ ထိုအထဲမှတစ်ချို့သာ ကူးယူဖော်ပြခြင်းဖြစ်သည်။
သမီးချစ်သူကို သမီးချစ်တယ် လက်မထပ်ခင် တစ်ရင်းတစ်နှီးနေသင့်ပါသလား....?
မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ လက်မထပ်ခင် ဘယ်ယောက်ကျာင်္းနဲ့မှ တစ်ရင်းတစ်နှီးမနေသင့်ပါဘူး။ ဒါ ဦးတို့ မြန်မာလူနေမှုရဲ့ သံမဏိစည်းကမ်းပဲ..။ အနောက်တိုင်း သုတေသန ပြုချက်တစ်ခုက လက်မထပ်ခင် လွိင်ဆက်ဆံမှု ရာဇ၀င်တစ်ဦးရှိသူတစ်ဦးက လက်ထပ်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ရန် အလားအလာ နှစ်စ ရှိလာတယ်လို့ ဆိုပါတယ်။ ဆက်ဆံခဲ့သည်ထားဦး မိန်းကလေးက “ငါအညွန့်ခူးခံရပါလား” ဟုတွေးနေချိန်မှာ ယောကျာင်္းလေးကလဲ “ငါ ပြုတိုင်းရနေပြီ” ဆိုပြီး စိတ်ပြင်းပြမှုလျှော့နည်းသွားတတ်ပါတယ်။ ဒါ့အပြင် တခြားလွိင်ဆက်ဆံရာက ရတဲ့ရောဂါကြီးကြောင့် ဘ၀မဆုံးပေဘူးလား..။ ဒါ့ကြောင့် မြန်မာမိန်းကလေးတိုင်း သံမဏိစည်းကမ်းနဲ့ နေထိုင်သွားရမှာဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါတယ်..။ ။
ကျွန်တော်၁၀တန်းအောင်ပြီးပြီ နိုင်ငံခြားသို့ပညာသွားသင်ချင်ပါတယ်...ဘယ်နိုင်ငံသွားရမလဲ.. ဘယ်လောက်ကုန်မလဲ..??
နိုင်ငံခြားသို့ ပညာသွားသင်မှုကို အားပေးပါသည်.။ သို့သော် မေးခွန်းသုံးခုမေးစရာရှိပါသည်။
၁။ တကယ်ပညာသွားသင်မှာလား မိဘက ပိုက်ဆံ ပေါလို့ဆိုပြီး ပညာသွားသင်မှာလား
၂။ မြန်မာပြည်တွင်းမှာ သင်ကြားရမယ့် ပညာ အကုန်အဆင်တတ်ပြီးပြီလား
၃။ နိုင်ငံခြားသို့သွားရောက်ရအောင်လို့ ကိုယ်နှင့်စိတ် ကြံ့ခိုင်မှုရှိပြီးပြီလို့ ယူဆပါသလား ဆိုသည့်မေးခွန်းများဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တစ်လ နှစ်သောင်းဖြင့် ရနိုင်သော ပညာကို ထိုင်းတွင် နှစ်သိန်းမှသုံးသိန်း ၊ မလေးတွင် သုံးသိန်း ၊ စင်ကာပူတွင် ငါးသိန်းခန့်နှင့် အင်္ဂလန်တွင် မြန်မာလူငယ်တစ်ယောက် အနေဖြင့် ကျပ် ခုနှစ်သိန်း ရှစ်သိန်းခန့်ကုန်ကျမည်ဖြစ်သည်။ အချိန်ပိုင်းလုပ်လုပ်ခွင့် ပေးထားခြင်းနဲသဖြင့် ခိုးလုပ်ရသည်ကများသည်။
- တကယ်လည်းပညာသင်ကြားလိုသည်
- မြန်မာပြည်တွင်လည်း တတ်သင့်သည့် ပညာများ တတ်မြောက်ပြီးဖြစ်ပြီ
- နိုင်ငံခြားသို့သွားရန် ကိုယ်စိတ်နှစ်ပါး ကြံ့ခိုင်မှု ပြည့်ပြီဆိုလျှင် သွားရောက်သင်ကြားဖို့ အားပေးပါသည်။ ပြီးလျှင် နိုင်ငံဖွံ့ဖြိုးမှုများတွင် ပြန်လည်အသုံးချစေလိုပါသည်။
ကျွန်မသူ့ကိုတစ်ဖက်သက် ချစ်နေတယ် ဘာလုပ်ရမလဲ ကုန်းအော်လိုက်ရမလား ... ??
တစ်ဖက်သက်အချစ်ဟာ ၀တ္တုတွေ အချစ်ဇာတ်လမ်းတွေ သီချင်းတွေဆီကနေ အလွမ်းဓာတ်ခံကို ပိုပြီး ပေါက်ဖွားစေတယ်။ ဒါ့ကြောင့် ရှေးယခင်က လူကြီးတွေက လူငယ်သားသမီးတွေကို စိတ်ကူးယဉ် အချစ်ဝတ္တုတွေ မဖတ်ဖို့ တားမြစ်ကြတာဖြစ်တယ်။ တန်ဖိုးရှိတဲ့ ဘ၀တစ်ခုကို စိတ်ကူးယဉ်အချစ်တစ်ခုနဲ့ အစားမထိုးပါနဲ့။ မိမိကိုယ်ကိုယ် ရင့်ကျက်အောင်နေပါ။
1:16 AM 5/28/2010
ဇော်ဂျီနှင့် ကဗျာဆရာ တစ်ရာ....
( ၁၂.၄.၁၉၀၇ မှ ၁၂.၄.၂၀၀၇ ) ကွယ်လွန်သူ အမျိုးသားစာဆို ကဗျာဆရာဇော်ဂျီ ရာပြည့် အထိန်းအမှတ် စာအုပ်ဖြစ်သည်။
တိုက်ပွဲပျော် ဗေဒါ.......
ဖေဇော်ဂျီ အသက်သွင်းတဲ့
ရေခင်းက ဗေဒါဖျံ
ပန်းတစ်ပွင့်ပံ ။
မျောရပေါ့ စုန်အဆန်
လောကဓံမြင်တွင်း ။
ဆန်ရလည်း သူမဖြုံ
စုန်ရလည်း သူမမှု
သုဇနာအဖော်အပေါင်းနဲ့
မြစ်ချောင်းမှာ သူပျော်ပိုက်လို့
တိုက်ပွဲတွေခင်း ။ ။
မောင်သက်ကြူ
ဗေဒါသခင်သို့.....
ဆရာရဲ့
ခေတ်စမ်း အရိပ်
နမိတ် အသံ
ကာရန် စီးဆင်း
လှပ ပန်းခင်း ။
ဆရာရဲ့
ဗေဒါပန်း
လန်းဆန်းမွှေးမြ
လှပသင်းကြည်
ကမ္ဘာတည်သမျှပါ ။
ဆရာရဲ့
အို....တတ်လူတို့
မိုးသို့ပဲ့တင်....
ကျွန်တော်တို့...
ဆင်ခြင်လျှက်ပါ ။
ဆရာရဲ့
လမ်းညွှန်ကဗျာများ
ကျွန်တော်တို့ အတွက်
ခွန်အားတွေပါ...။ ။
ကဗျာ အဉ္စလီ........
ရေမှာနေ
ဗေဒါတွေမသေပါဘူး
ရေတပ်ချီရေး ။
အင်အားတွေ ဆင့်ပွားကာ သွေးသစ်လောင်းသလိုပ
မျိုးချစ်ကြောင်းစည်းရုံးဟန်
သွင်သဏာန်မြင်ပြန်များလေမှ
တစ်ပါးဆရာရှင်ရဲ့
ဂုဏ်စွမ်းအင် ကဗျာစွမ်းတွေက
ဆရာရယ် လန်းချိုလို့မွှေး..။ ။
(ကဗျာတွေက အပုဒ်ပေါင်း ၁၀၀ တိတိပါရှိပါတယ်...)